<Zawgyi>
ဒီရက္ပိုင္းေတြမွာ ရာသီဥတုကလည္းအရမ္းပူတယ္ေတာ႕ အားလံုးက်န္းမာေရးကို ဂရုစိုက္ၾကပါဦးေနာ္။
ဒါမွ သၾကၤန္တြင္းမွာ ေကာင္းေကာင္းၾကီး ေပ်ာ္နိုင္ ပါးနိုင္ၾကမွာေပါ႔။
အခုတစ္ေလာ ၿငိမ္ခ်က္သားေကာင္းေနတဲ႕ "ခ်ိဳ" ဆိုတဲ႕ ကေလးမ ကို အားလံုး သတိရေနၾကမယ္ဆိုတာ
ေသခ်ာပါတယ္။
တကယ္ေတာ႕ ကေလးက ၿငိမ္ေနတာမဟုတ္ပါဘူး ။ အိမ္တြင္းေအာင္းၿပီး သိုင္းက်င္႕ေနတာပါတဲ႕။
(ေနာက္တာေနာ္။ တကယ္ထင္ေနၾကဦးမယ္။)
တကယ္ေတာ႕ "ခ်ိဳ" အရမ္းအလုပ္ရႈပ္ေနတာပါ။
ေႏြရာသီေက်ာင္းပိတ္ရက္မို႕ ဇာတိရေသ႕ေတာင္ၿမိဳ႕မွာ ၿပန္ေနတဲ႕ "ခ်ိဳ" တစ္ေယာက္ သူူမအိမ္က မီးဖိုေခ်ာင္မွာ
သူစိတ္တိုင္းက် လက္စြမ္းၿပ ေၾကာ္ေလွာ္ ခ်က္ၿပဳတ္ စားေသာက္ေနလုိ႕ မအားဘူးဆိုပဲ။
"ခ်ိဳ"ဟင္းခ်က္ဘယ္ေလာက္ေတာ္လဲ ဆိုတာ MUM ေခ်ာင္းသာ Camp က ဟင္းခ်က္ၿပိဳင္ပြဲမွာ "ခ်ိဳ"တို႕အဖြဲ႕ ပထမဆုရတာကိုသာၾကည္႕ေပေတာ႔ေလ။
(ခ်ိဳ႕ လက္ရာကို ၿမည္းစမ္းခြင္႕ရခ်င္တာ ငါတစ္ေယာက္တည္းလားကြ!)
အစားအေသာက္ေသာင္းက်န္းေနတယ္ဆိုလို႕ "ခ်ိဳ" Body Structure အတြက္ စိတ္ပူသြားတယ္မလား?
စိတ္မပုူၾကပါနဲ႕။
"ခ်ိဳ " တစ္ေယာက္က တစ္ေန႕တစ္ၿခား လွလွလာတယ္ဆိုတာ ေနာက္ဆံုး ထြက္လာတဲ႕ သူ႕ပံုေလးကိုသာၾကည္႕ၾကေပေတာ႕။
ေမြးရာပါ ပါရမီ ေကာင္းတယ္ပဲဆိုရမလားမသိပါဘူး။
ေသေသခ်ာခ်ာၾကိဳးစား တယ္ဆို MU Crown ၾကီးက သူ႕အတြက္ပဲဆိုတာ ေသခ်ာသေလာက္ရွိေနၿပီေနာ္။
"အ ၃ လံုး စာတတ္ေၿမာက္ေရး"အတြက္ လူေရြးတဲ႕ အထဲ မပါရလို႕လည္း စိတ္မေကာင္းၿဖစ္ေနတဲ႕ "ခ်ိဳ"အတြက္ သၾကၤန္မွာလည္း ဘာအစီအစဥ္မွ ေထြေထြထူးထူး ရွိမယ္မထင္ပါဘူး။
ဒါေပမယ္႕ ဧၿပီလ ၃၀ ရက္ေန႕မွာ က်ေရာက္မယ္႕ "ခ်ိဳ႕" ေမြးေန႕အတြက္ေတာ႕ သူ႕ Fan ေတြက
တစ္ခုခုထူးထူးၿခားၿခား စီစဥ္ၾကမယ္နဲ႕တူပါတယ္။
ဒါနဲ႕စကားမစပ္ ပရိတ္သတ္ေတြအားလံုးကို "ခ်ိဳ" ကေမြးေန႕မွာ မုန္႕ဝယ္ေကြ်းမယ္ဆို စားခ်င္ၾကလဲ?
ေအာက္မွာ မန္႕ခဲ႕လို႕တယ္ေနာ္.။
အေပ်ာ္ေပါ႔။
<Unicode>
ဒီရက်ပိုင်းတွေမှာ ရာသီဥတုကလည်းအရမ်းပူတယ်တော့ အားလုံးကျန်းမာရေးကို ဂရုစိုက်ကြပါဦးနော်။
ဒါမှ သင်္ကြန်တွင်းမှာ ကောင်းကောင်းကြီး ပျော်နိုင် ပါးနိုင်ကြမှာပေါ့။
အခုတစ်လော ငြိမ်ချက်သားကောင်းနေတဲ့ "ချို" ဆိုတဲ့ ကလေးမ ကို အားလုံး သတိရနေကြမယ်ဆိုတာ
သေချာပါတယ်။
တကယ်တော့ ကလေးက ငြိမ်နေတာမဟုတ်ပါဘူး ။ အိမ်တွင်းအောင်းပြီး သိုင်းကျင့်နေတာပါတဲ့။
(နောက်တာနော်။ တကယ်ထင်နေကြဦးမယ်။)
တကယ်တော့ "ချို" အရမ်းအလုပ်ရှုပ်နေတာပါ။
နွေရာသီကျောင်းပိတ်ရက်မို့ ဇာတိရသေ့တောင်မြို့မှာ ပြန်နေတဲ့ "ချို" တစ်ယောက် သူူမအိမ်က မီးဖိုချောင်မှာ
သူစိတ်တိုင်းကျ လက်စွမ်းပြ ကြော်လှော် ချက်ပြုတ် စားသောက်နေလို့ မအားဘူးဆိုပဲ။
"ချို"ဟင်းချက်ဘယ်လောက်တော်လဲ ဆိုတာ MUM ချောင်းသာ Camp က ဟင်းချက်ပြိုင်ပွဲမှာ "ချို"တို့အဖွဲ့ ပထမဆုရတာကိုသာကြည့်ပေတော့လေ။
(ချို့ လက်ရာကို မြည်းစမ်းခွင့်ရချင်တာ ငါတစ်ယောက်တည်းလားကွ!)
အစားအသောက်သောင်းကျန်းနေတယ်ဆိုလို့ "ချို" Body Structure အတွက် စိတ်ပူသွားတယ်မလား?
စိတ်မပုူကြပါနဲ့။
"ချို " တစ်ယောက်က တစ်နေ့တစ်ခြား လှလှလာတယ်ဆိုတာ နောက်ဆုံး ထွက်လာတဲ့ သူ့ပုံလေးကိုသာကြည့်ကြပေတော့။
မွေးရာပါ ပါရမီ ကောင်းတယ်ပဲဆိုရမလားမသိပါဘူး။
သေသေချာချာကြိုးစား တယ်ဆို MU Crown ကြီးက သူ့အတွက်ပဲဆိုတာ သေချာသလောက်ရှိနေပြီနော်။
"အ ၃ လုံး စာတတ်မြောက်ရေး"အတွက် လူရွေးတဲ့ အထဲ မပါရလို့လည်း စိတ်မကောင်းဖြစ်နေတဲ့
"ချို"အတွက် သင်္ကြန်မှာလည်း ဘာအစီအစဉ်မှ ထွေထွေထူးထူး ရှိမယ်မထင်ပါဘူး။
ဒါပေမယ့် ဧပြီလ ၃၀ ရက်နေ့မှာ ကျရောက်မယ့် "ချို့" မွေးနေ့အတွက်တော့ သူ့ Fan တွေက
တစ်ခုခုထူးထူးခြားခြား စီစဉ်ကြမယ်နဲ့တူပါတယ်။
ဒါနဲ့စကားမစပ် ပရိတ်သတ်တွေအားလုံးကို "ချို" ကမွေးနေ့မှာ မုန့်ဝယ်ကျွေးမယ်ဆို စားချင်ကြလဲ?
အောက်မှာ မန့်ခဲ့လို့တယ်နော်.။
အပျော်ပေါ့။
Tuesday, April 5, 2016
Subscribe to:
Post Comments (Atom)
Reader Count
This Website is Designed by SUNDEW MYANAMR. Powered by Blogger.
Rakhine motetee
ReplyDelete