Friday, April 29, 2016

HBD_Cho

"စစ်တွေမှာမွေး ၊ ရသေ့တောင်မှာကြီးပြင်းခဲ့ပြီး
 ငယ်ငယ်တုန်းက အဆော့မက်ပါတယ်"လို့ဆိုတဲ့ ကလေးမ


အသက် ၁၉ နှစ် ကျော် ၊ Miss Universe Sittwe 2015 ဖြစ်ပြီးမှ ရန်ကုန်မြေကို  ခြေချဖူးခဲ့တဲ့
ရခိုင်တိုင်းရင်းသူလေး



အတွေ့အကြုံလုံးဝမရှိပေမယ့် ပွဲဦးထွက်မှာပဲ မွေးရာပါ အပြုံးလှလှတွေနဲ့ ပရိတ်သတ်တွေရဲ့မေတ္တာကိုအပြည့်အဝရခဲ့တဲ့ ပြည်သူ့မျက်ရှုလေး


ဇကာတင်အယောက် ၂၀ အဆင့်မှာတင် မှော်ဝင်လှတဲ့ ဓါတ်ပုံလေးတစ်ပုံတည်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ မြန်မာပြည်ရဲ့ပထမဦးဆုံးသော Miss Universe Myanmar   ပြိုင်ပွဲဝင်အလှမယ်


အလှမယ်ဖြစ်လာမယ့် ကိုယ့် ကံကြမ္မာ ကိုကြိုမမြင်ခဲ့ရသေးခင်ကတည်းက ပရဟိတလုပ်ငန်းတွေမှာ ပါဝင် လှုပ်ရှားနေခဲ့တဲ့ ကလေးချစ်တတ်သော "အ သုံးလုံး"ဆရာမလေး

ရန်ကုန်လာတိုင်းသူ့ပရိတ်သတ်တွေအတွက်ဆိုပြီး
ဒေသထွက်အစားအစာလေးတွေ လက်ဆောင်ယူလာတတ်တဲ့ နာမည်ကြီး Celebrity


"ပြည်သူချစ်လွန်း ချိုချိုထွန်း" လေးရဲ့ ဒီနေ့မှာ ကျရောက်တဲ့  အသက် ၂၀ ပြည့်မွေးနေ့မှသည်
နောင်နှစ်ပေါင်း များစွာတိုင် ကျန်းကျန်းမာမာ ၊ ချမ်းချမ်းသာသာနဲ့ ဘဝကိုလျှောက်လှမ်းနိုင်ပါစေ။
ဒီ့ထက်ပိုမိုလှပ ၊ပြည့်စုံထက်မြက်ပြီး အနာဂတ်ရဲ့ Miss Universe Winner အဖြစ်
 သရဖူဆောင်းနိုင်ပါစေကြောင်းလည်းဆုတောင်းပါတယ်ကွယ်။



0 comments:

Post a Comment

Reader Count

This Website is Designed by SUNDEW MYANAMR. Powered by Blogger.

Label Cloud