Sunday, February 7, 2016

Fan တွေအတွက် ရခိုင်ကနေ စားစရာလက်ဆောင်တွေ တကူးတက သယ်လာခဲ့တဲ့ ချိုချိုထွန်း


<Zawgyi>
အားလုံးသိတဲ့အတိုင်း



သူယူလာတွေကတော့
ပုစွန်ခြောက်



ဒါပေမယ့် လာမယ့် ချစ်သူများနေ့ မှာ တော့ ချို့ အတွက် လက်ဆောင်ပေးဖို့ စီစဉ်နေကြတယ်လို့လည်း သိရပါတယ်။

<Unicode>
အားလုံးသိတဲ့အတိုင်း
ရခိုင်သဟာယ နဲ့ အမျိုးသမီးအသင်းက ချီးမြှင့်တဲ့ လူငယ်ထူးချွန်ဆုယူဖို့ ရန်ကုန်ရောက်နေတဲ့ ချိုချိုထွန်းဟာ
မနေ့ကဆုပေးပွဲအပြီးမှာ သူချစ်တဲ့ Fan တွေနဲ့ ဆုပေးပွဲအပြီးလျှောက်လည်ခဲ့ကြပါတယ်။

ဆုပေးပွဲပြီးပြီးချင်း အရင်ဆုံး KFC မှာ ကြက်ကြော်သွားစားကြပါတယ်တဲ့။
ပြီးတော့ ချို အိမ်ပြန်ပြီး အဝတ်အစားလဲပါတယ်။
(မလဲလို့လည်း မဖြစ်ဘူးလေ။ မနေ့ကသူဝတ်တဲ့ အဖြူရောင်ဝတ်စုံလှလှလေးက  Designer ကို သူရ ရဲ့
လက်ရာလေးဆိုတော့ စွန်းသွား ပေသွားမှာစိုးရတယ်လေ)

အဝတ်အစားလဲပြီးတာနဲ့ ချို နဲ့ သူ့ fan များဟာ ထုံးစံအတိုင်း ရွှေလာ Hot Pot ကို ချီတက်ကြပါတယ်။
သူ့ရဲ့ Fav Food ဖြစ်တဲ့ Hot Pot ကို အဝ ပွဲတော်တည်ပြီး သကာလ ချို တို့ ဟာ ပြည်သူ့ရင်ပြင်ကိုလည်း သွားခဲ့ကြတယ်လို့သိရပါတယ်။

ပြီးတော့ ချို ဟာ သူ့ Fan တွေကို ရခိုင်ကနေ
 တကူးတကသယ်လာတဲ့ စားစရာတွေလည်း လက်ဆောင်ပေးခဲ့ပါသေးတယ်။
ရန်ကုန်မလာခင်ကတည်းက တစ်ယောက်ချင်းစီကို "ဘာစားချင်လဲ" ဆိုပြီး အသေးစိတ်မေးကာ
သူ့ Fan တွေအတွက် တစ်ချို့ လက်ဆောင်တွေကို မရမက ရှာဝယ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
သူယူလာတွေကတော့
ရခိုင်အာလူးသေးသေးလေးတွေ
ဖက်ချေ လို့ ခေါ်တဲ့ ပင်လယ်ငါး
ပုစွန်ခြောက်
ပါပရာ အစရှိတဲ့ ဒေသထွက် အစားအစာတွေပဲဖြစ်ပါတယ်။

လက်ဆောင်တွေရတဲ့ အပေါ်မှာ
"ဘာစားချင်လဲ အသေးစိတ်မေးပြီး တကယ်ကြီး ဝယ်လာပေးတော့  ပျော်တယ်ပေါ့" လို့လဲ သူ့ fan တစ်ယောက်မှ ပြောပါတယ်။

ချိုဟာ ရန်ကုန်မှာ ကြာကြာနေပြီး fan တွေအတွက် အလုပ်တစ်ချို့ လုပ်ပေးသွားချင်ပေမယ့်
ကျောင်းကိစ္စတွေရှိနေတာမို့ အင်္ဂါနေ့မှာ စစ်တွေကိုပြန်ရမယ်လို့လည်းသိရတဲ့ အတွက်လည်း သူ့ Fan တွေက မကျေနပ်နိုင်ဖြစ်နေကြပါတယ်။

ဒါပေမယ့် လာမယ့် ချစ်သူများနေ့ မှာ တော့ ချိုု့ အတွက် လက်ဆောင်ပေးဖို့ စီစဉ်နေကြတယ်လို့လည်း သိရပါတယ်။


2 comments:

  1. အားပေးနေမယ် ချို

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ်။ (ချို့အစားလာပြောတာပါ။)

      Delete

Reader Count

This Website is Designed by SUNDEW MYANAMR. Powered by Blogger.

Label Cloud