Thursday, March 10, 2016
ချိုချိုထွန်းစာကျက်နေတယ် ................ အိမ်ရှေ့မှာ ဂစ်တာ လာမတီးနဲ့
<Zawgyi>
သတင်းပေးလာပါတယ်။
ဝမ်းသာစရာသိရပါတယ်။
<Unicode>"ပြည်သူချစ်လွန်း ချိုချိုထွန်း" တစ်ယောက် မကြာခင်မှာစာမေးပွဲဖြေရတော့မှာဖြစ်လို့
အိမ်တွင်းအောင်းပြီးစာကျက်နေတယ်လို့လည်းသိရပါတယ်။
စာမေးပွဲအတွက်စာတွေကများပါတယ်ဆိုမှ
ဇာတိ ရသေ့တောင်မြို့က အိမ်ကိုတောင်ပြန်ပြေးချင်လောက်အောင် စိတ်တိုစရာလေးတွေလည်းကြုံနေရလို့
လည်း သူ့  Facebook မှာတင်ထားပြန်တော့
ချစ်ရတဲ့ ကလေးမတစ်ယောက်  စိတ်ဖိစီးမှုတွေများနေရှာတော့မယ်ဆိုပြီးလည်း
 သူ့Fan တွေကစိတ်ပူနေကြပါသေးတယ်။
အဆိုးထဲကအကောင်းလို့ပဲပြောရမလားတော့မသိပါဘူး။
ချိုနဲ့တက္ကသိုလ်တစ်ခုတည်းမှာတက်နေတဲ့ စစ်တွေမြို့ကချို့ Fan တစ်ယောက်ကတော့
"ဒီရက်ပိုင်းအတွင်း သူတော်တော်လေးကိုပိန်ကျသွားလို့ အရင်ကထက်တောင်ပိုကြည့်ကောင်းလာတယ်။" လို့
သတင်းပေးလာပါတယ်။
ကျန်းမာရေးအတွက် စိတ်ပူရတာက တစ်ပိုင်းဆိုပေမယ့်
အစကတည်းက လက်တင် Type လေးမို့ ကြည့်ကောင်းနေတဲ့ သူမရဲ့မျက်နှာလေးကို
လက်ရှိ Body လေးနဲ့ မြင်ချင်သူများလှပေမယ့်
ရွှေမင်းသမီးလေးရဲ့ Facebook ကတော့ထုံးစံအတိုင်း ဘာပုံမှ တက်မလာသေးပါဘူး။
ဒါပေမယ့် ကြားရတဲ့ သတင်းတစ်ခုအရတော့
ဒီရက်ပိုင်းမှာ  "ချို" ဟာ စစ်တွေတက္ကသိုလ် မဂ္ဂဇင်းရဲ့
အင်တာဗျူ း အစီအစဉ်မှာ ပါဝင်မှာဖြစ်လို့
ရခိုင်ဝတ်စုံနဲ့ ဓါတ်ပုံရိုက်ဖို့ရှိတယ်လို့တော့
ဝမ်းသာစရာသိရပါတယ်။
ကြိုတင်ထွက်ရှိထားတဲ့ သတင်းအတိုင်းလည်း
စာမေးပွဲပြီးတာနဲ့ "၂၀၁၆ နွေရာသီ စာတတ်မြောက်ရေးလုပ်ငန်း"မှာ "လုပ်အားပေး စေတနာ့ ဝန်ထမ်း" အဖြစ်ပပရဟိတ တာဝန်ထမ်းဆောင်ဦးမှာမို့ April လမှာကျရောက်မယ့် သူမမွေးနေ့တောင်
သူ့ချစ် Fan  ကျင်းပပေးခွင့်ရမယ်မထင်ပါဘူး။
လောလောဆယ်မှာတော့ နောက်ဆုံးနှစ်ကျောင်းသူကြီး ချို တစ်ယောက် စာကြိုးစားနေသလို
ချို  ကျောင်းပြီးတာနဲ့ ချို့ကို သူတို့ပိုင်တဲ့ Miss Myanmar တစ်ယောက်အဖြစ်
အပိုင်သိမ်းဖို့ သူတို့ချစ်တဲ့သူ့Fan တွေကလည်း တာစူနေကြပါတယ်။
ဒီရက်ပိုင်းလေးတွေမှာတော့   စစ်တွေဆိုတဲ့ ပင်လယ်ကမ်းစပ် မြို့လေးတစ်မြို့ကတော့ " ချို "ဆိုတဲ့  "ရေဒီယို ဆင်ကူး"လေးကြောင့် ကျက်သရေရှိနေတော့မှာပါပဲ။
0 comments:
Post a Comment
Reader Count
This Website is Designed by SUNDEW MYANAMR. Powered by Blogger.
Label Cloud