မေန႕က သတင္းတစ္ခုဖတ္လိုက္ရပါတယ္။
ရာသီဥတု သိပ္ပူတာေၾကာင္႕ ဘန္ေကာက္က နာမည္ၾကီး ေရတံခြန္တစ္ခု ခမ္းေၿခာက္သြားတယ္ဆိုတဲ႕ သတင္းပါ။
ၿမန္မာနိုင္ငံမွာလည္း လာမယ္႕ေႏြက အရမ္းကို မတရားၾကီး ပူမယ္လို႕ သိရပါတယ္။
ဘာလိုလိုနဲ႕ ေနာက္လဆိုရင္ ေႏြေတာင္စေတာ႕မွာပဲ။
ဒါနဲ႕ စကားမစပ္ ေနာက္လထဲမွာ "မိခ်ိဳ" တစ္ေယာက္ စာေမးပြဲေၿဖရမယ္လို႕ သိရပါတယ္။
စာေမးပြဲၿပီးရင္ Body ပိုင္း ၊ Knowledge ပိုင္းနဲ႕ English Skill ေတြ အတြက္ ရန္ကုန္လာၿပီး ေလ႕က်င္႕ၿပင္ဆင္ဖို႕ သူ႕ပရိတ္သတ္ေတြက အရမ္းေမွ်ာ္လင္႕ေနၾကပါတယ္။
(ရန္ကုန္မွာဆိုေတာ႕ သူ သိပ္ၾကိဳက္တဲ႕ Hotpot လည္း ခဏခဏ စားလို႕ရတာေပါ႔ေနာ္)/
ရန္ကုန္မွာေနရင္ Magazine / Journal ေတြ ၊ ေၾကာ္ၿငာေတြ နဲ႕ အဆက္မၿပတ္ အလုပ္ေတြ ရႈပ္ရင္း သူ႕အတြက္ ပိုၿပီး နာမည္ၾကီး ဖို႕ အခြင္႕အေရးေတြလည္း ရမွာၿဖစ္ပါတယ္။
ဒါေပမယ္႕ "ခ်ိဳ" ကေတာ႕ သူ နာမည္ပိုၾကီးလာနိုင္မယ္႕ အခြင္႕အေရးေတြကို လူအမ်ားအတြက္ အက်ိဳးရွိမယ္႕ လႈပ္ရွားမႈတစ္ခုနဲ႕ နဲ႕ လဲ လိုက္ပါေတာ႕မယ္တဲ႕။
ဟုတ္ပါတယ္။
လာမယ္႕ ေႏြမွာ "ခ်ိဳ"ဟာ "၂၀၁၆ ေႏြရာသီ စာတတ္ေၿမာက္ေရးလုပ္ငန္း"မွာ "လုပ္အားေပး ေစတနာ႕ ဝန္ထမ္း" အၿဖစ္ နဲ႕ ေတာင္ေပၚၿမိဳ႕ေလးတစ္ၿမိဳ႕ကိုေရာက္ေနမွာပဲၿဖစ္ပါတယ္။
"ခ်ိဳ" ဟာ Miss Universe Sittwe မၿပိဳင္ခင္ကတည္းက ဒီ Program ေလးမွာ တက္တက္ၾကြၾကြ ပါဝင္
လႈပ္ရွားေနက်ပါ။
ၿဖဴၿဖဳဴစင္စင္ အၿပံဳးေတြက ကေလးဆန္သေလာက္
အေတြးအေခၚနဲ႕ စဥ္းစားေတြးေခၚနိုင္စြမ္းရင္႕က်က္တဲ႕ အသက္ ၂၀ အရြယ္ "ခ်ိဳ႕" ရဲ႕ ဆံုးၿဖတ္ခ်က္က
သူမ ဇာတိ ရဲ႕ အေၿခခံ လိုအပ္ခ်က္ေတြနဲ႕ သင္႕တင္႕ေလ်ာက္ပတ္လြန္းေနေတာ႕
သူ႕ပရိတ္သတ္ေတြကလည္း ၾကည္ၾကည္ၿဖဴၿဖဴ အားေပးၾကပါတယ္။
ဟုတ္ပါတယ္ လာမယ္႕ ေႏြက သိပ္ပူမွာပါ။
ဒါေပမယ္႕ ဒီေႏြပူပူေလးမွာ "ခ်ိဳ" ဆိုတဲ႕ အိုေအစစ္ေလးရဲ႕ စာသင္သံ ၊ သူ႕တပည္႕ေတြရဲ႕ စာအံသံေလးေတြက
ေတာင္ေပၚၿမိဳ႕ေလးမွာ က်က္သေရရွိစြာ လြင္႔ပ်ံေနမယ္ဆိုတာကို ေတြးရင္း ပီတီၿဖစ္ေနရေတာ႕မွာပါပဲ။
![]() |
Photo Credit - Cho Cho Tun Facebook |
<Unicode>
မနေ့က သတင်းတစ်ခုဖတ်လိုက်ရပါတယ်။
ရာသီဥတု သိပ်ပူတာကြောင့် ဘန်ကောက်က နာမည်ကြီး ရေတံခွန်တစ်ခု ခမ်းခြောက်သွားတယ်ဆိုတဲ့ သတင်းပါ။
မြန်မာနိုင်ငံမှာလည်း လာမယ့်နွေက အရမ်းကို မတရားကြီး ပူမယ်လို့ သိရပါတယ်။
ဘာလိုလိုနဲ့ နောက်လဆိုရင် နွေတောင်စတော့မှာပဲ။
ဒါနဲ့ စကားမစပ် နောက်လထဲမှာ "မိချို" တစ်ယောက် စာမေးပွဲဖြေရမယ်လို့ သိရပါတယ်။
စာမေးပွဲပြီးရင် Body ပိုင်း ၊ Knowledge ပိုင်းနဲ့ English Skill တွေ အတွက် ရန်ကုန်လာပြီး လေ့ကျင့်ပြင်ဆင်ဖို့ သူ့ပရိတ်သတ်တွေက အရမ်းမျှော်လင့်နေကြပါတယ်။
(ရန်ကုန်မှာဆိုတော့ သူ သိပ်ကြိုက်တဲ့ Hotpot လည်း ခဏခဏ စားလို့ရတာပေါ့နော်)/
ရန်ကုန်မှာနေရင် Magazine / Journal တွေ ၊ ကြော်ငြာတွေ နဲ့ အဆက်မပြတ် အလုပ်တွေ ရှုပ်ရင်း သူ့အတွက် ပိုပြီး နာမည်ကြီး ဖို့ အခွင့်အရေးတွေလည်း ရမှာဖြစ်ပါတယ်။
ဒါပေမယ့် "ချို" ကတော့ သူ နာမည်ပိုကြီးလာနိုင်မယ့် အခွင့်အရေးတွေကို လူအများအတွက် အကျိုးရှိမယ့် လှုပ်ရှားမှုတစ်ခုနဲ့ နဲ့ လဲ လိုက်ပါတော့မယ်တဲ့။
ဟုတ်ပါတယ်။
လာမယ့် နွေမှာ "ချို"ဟာ "၂၀၁၆ နွေရာသီ စာတတ်မြောက်ရေးလုပ်ငန်း"မှာ "လုပ်အားပေး စေတနာ့ ဝန်ထမ်း" အဖြစ် နဲ့ တောင်ပေါ်မြို့လေးတစ်မြို့ကိုရောက်နေမှာပဲဖြစ်ပါတယ်။
"ချို" ဟာ Miss Universe Sittwe မပြိုင်ခင်ကတည်းက ဒီ Program လေးမှာ တက်တက်ကြွကြွ ပါဝင်
လှုပ်ရှားနေကျပါ။
ဖြူဖြုူစင်စင် အပြုံးတွေက ကလေးဆန်သလောက်
အတွေးအခေါ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းရင့်ကျက်တဲ့ အသက် ၂၀ အရွယ် "ချို့" ရဲ့ ဆုံးဖြတ်ချက်က
သူမ ဇာတိ ရဲ့ အခြေခံ လိုအပ်ချက်တွေနဲ့ သင့်တင့်လျောက်ပတ်လွန်းနေတော့
သူ့ပရိတ်သတ်တွေကလည်း ကြည်ကြည်ဖြူဖြူ အားပေးကြပါတယ်။
ဟုတ်ပါတယ် လာမယ့် နွေက သိပ်ပူမှာပါ။
ဒါပေမယ့် ဒီနွေပူပူလေးမှာ "ချို" ဆိုတဲ့ အိုအေစစ်လေးရဲ့ စာသင်သံ ၊ သူ့တပည့်တွေရဲ့ စာအံသံလေးတွေက
တောင်ပေါ်မြို့လေးမှာ ကျက်သရေရှိစွာ လွင့်ပျံနေမယ်ဆိုတာကို တွေးရင်း ပီတီဖြစ်နေရတော့မှာပါပဲ။
0 comments:
Post a Comment