အဆူခံရမွာ ေၾကာက္ေနလိုက္တာမ်ား တကယ္ကို ကေလးေလးက်ေနတာပါပဲ။
ဟုတ္ပါတယ္။ ခ်ိဳ ဟာ ကေလးတစ္ေယာက္လိုပဲ ၿဖဴစင္လြန္းပါတယ္။
အေရာင္အေသြးစံုလွတဲ႕ ေက်ာက္မ်က္ေတြၾကားမွ ခ်ိဳဟာ ေက်ာက္ရိုင္းတစ္ပြင္႕ပါပဲ။
ပင္ကိုယ္ သဘာဝ အလွတစ္ခုတည္းနဲ႕သာ
ၿပိဳင္ပြဲဝင္ အဆင္႕မွာပဲ ကမၻာေက်ာ္ေအာင္
လင္းလက္ေတာက္ပလြန္းနိုင္ခဲ႕တာ။
ၿပင္းၿပင္းရွရွ ရနံ႕ မ်ိဳးစံု ၾကားမွာ သဇင္ရိုင္းပါ။
ရွားပါးလွတဲ႕ ရနံ႕သင္းသင္းေလးနဲ႕ပဲ
Final Night မတုိင္ခင္မွာပဲ
နိုင္ငံတကာထိ ေမႊးပ်႔ံနိုင္ခဲ႕တာ။
အနုပညာမ်ိဳးရိုးမရွိ
သီးသန္႕ ေထာက္ခံအားေပးမယ္႕ အသိုင္းအဝိုင္းမရွိပါဘဲ
ၿပည္သူ႕အခ်စ္ေတာ္ အလွမယ္တစ္ေယာက္ ၿဖစ္လာတာေၾကာင္႕
"ခ်ိဳ ဟာ Miss တစ္ေယာက္ၿဖစ္ဖို႕ သီးသန္႕ ေမြးဖြားလာခဲ႕တာမ်ားလား" လို႕ေတာင္
တစ္ခါတစ္ေလဆို ေတြးမိတယ္။
ေလာေလာဆယ္မွာေတာ႕
တစ္ပိုင္းတစ္စပညာေရးေၾကာင္႕
ေအာင္ၿမင္ ေက်ာ္ၾကား မႈေတြကို ခဏ မ်က္ကြယ္ၿပဳထားရလို႕
ခ်စ္တဲ႕ ပရိတ္သတ္ေတြကို အရမ္းအားနာေနရွာတဲ႕
"ခ်ိဳ "တစ္ေယာက္ ေနလို႕ မွ ေကာင္းရဲ႕လား?
စာေတြမ်ားက်က္လို႕ရရဲ႕လား?
တၿခားအလွမယ္ေတြရဲ႕ အနုပညာလႈပ္ရွားမႈေတြကို ၾကည္႔ၿပီး
သူ႕ကိုယ္႕သူ အားမလို အားမရမ်ားၿဖစ္ေနရွာမလား?
စာေမးပြဲၿပီးမွ သူ႕ အိမ္က ၿပိဳင္ပြဲဝင္ဖို႕
ရန္ကုန္ မလႊတ္ေတာ႕ရင္ ဘယ္လိုလုပ္မလဲ?
တစ္ရက္တစ္ရက္ အေတြးေပါင္းမ်ားစြားနဲ႕ ရူးခ်င္ပါတယ္။
အို...........
ဒါေပမယ္႔" ခ်ိဳ"႕ ကို ယံုတယ္။
ကေလးတစ္ေယာက္လိုၿဖဴစင္ေပမယ္႕
ဆံုးၿဖတ္စရာရွိရင္ လူၾကီးေလးတစ္ေယာက္လို
ရဲရင္႕ၿပတ္သားလြန္းတယ္ဆိုတာ
သူ႕ရဲ႕ေအာင္ၿမင္မႈေတြက သက္ေသထူေနတာပဲေလ။
ေသခ်ာပါတယ္။
ခ်ိဳဟာ နိုင္ငံ ကိုယ္စားၿပဳ အလွမယ္ တစ္ေယာက္ ၿဖစ္ဖို႕ သတ္သတ္ ေမြးဖြားလာခဲ႕တဲ႕ ပန္းတစ္ပြင္႔ပါ။
![]() |
လတ္တေလာ တက္လာတဲ႕ ခ်ိဳ႕ပံုေလးပါ။ |
ဟုတ်ပါတယ်။ ချို ဟာ ကလေးတစ်ယောက်လိုပဲ ဖြူစင်လွန်းပါတယ်။
အရောင်အသွေးစုံလှတဲ့ ကျောက်မျက်တွေကြားမှ ချိုဟာ ကျောက်ရိုင်းတစ်ပွင့်ပါပဲ။
ပင်ကိုယ် သဘာဝ အလှတစ်ခုတည်းနဲ့သာ
ပြိုင်ပွဲဝင် အဆင့်မှာပဲ ကမ္ဘာကျော်အောင်
လင်းလက်တောက်ပလွန်းနိုင်ခဲ့တာ။
ပြင်းပြင်းရှရှ ရနံ့ မျိုးစုံ ကြားမှာ သဇင်ရိုင်းပါ။
ရှားပါးလှတဲ့ ရနံ့သင်းသင်းလေးနဲ့ပဲ
Final Night မတိုင်ခင်မှာပဲ
နိုင်ငံတကာထိ မွှေးပျ့ံနိုင်ခဲ့တာ။
အနုပညာမျိုးရိုးမရှိ
သီးသန့် ထောက်ခံအားပေးမယ့် အသိုင်းအဝိုင်းမရှိပါဘဲ
ပြည်သူ့အချစ်တော် အလှမယ်တစ်ယောက် ဖြစ်လာတာကြောင့်
"ချို ဟာ Miss တစ်ယောက်ဖြစ်ဖို့ သီးသန့် မွေးဖွားလာခဲ့တာများလား" လို့တောင်
တစ်ခါတစ်လေဆို တွေးမိတယ်။
လောလောဆယ်မှာတော့
တစ်ပိုင်းတစ်စပညာရေးကြောင့်
အောင်မြင် ကျော်ကြား မှုတွေကို ခဏ မျက်ကွယ်ပြုထားရလို့
ချစ်တဲ့ ပရိတ်သတ်တွေကို အရမ်းအားနာနေရှာတဲ့
"ချို "တစ်ယောက် နေလို့ မှ ကောင်းရဲ့လား?
စာတွေများကျက်လို့ရရဲ့လား?
တခြားအလှမယ်တွေရဲ့ အနုပညာလှုပ်ရှားမှုတွေကို ကြည့်ပြီး
သူ့ကိုယ့်သူ အားမလို အားမရများဖြစ်နေရှာမလား?
စာမေးပွဲပြီးမှ သူ့ အိမ်က ပြိုင်ပွဲဝင်ဖို့
ရန်ကုန် မလွှတ်တော့ရင် ဘယ်လိုလုပ်မလဲ?
တစ်ရက်တစ်ရက် အတွေးပေါင်းများစွားနဲ့ ရူးချင်ပါတယ်။
အို...........
ဒါပေမယ့်" ချို"့ ကို ယုံတယ်။
ကလေးတစ်ယောက်လိုဖြူစင်ပေမယ့်
ဆုံးဖြတ်စရာရှိရင် လူကြီးလေးတစ်ယောက်လို
ရဲရင့်ပြတ်သားလွန်းတယ်ဆိုတာ
သူ့ရဲ့အောင်မြင်မှုတွေက သက်သေထူနေတာပဲလေ။
သေချာပါတယ်။
ချိုဟာ နိုင်ငံ ကိုယ်စားပြု အလှမယ် တစ်ယောက် ဖြစ်ဖို့ သတ်သတ် မွေးဖွားလာခဲ့တဲ့ ပန်းတစ်ပွင့်ပါ။
Fighting cho
ReplyDelete😂😂😂
ReplyDelete