Thursday, February 4, 2016

ROYAL FLOWER @ CHO CHO TUN

































သဇင်ရိုင်း(သို့)ချိုချိုထွန်း

.....................................................................


ရခိုင်ရိုးမရဲ့တဖက်ခြမ်းမှှာ ပန်းရိုင်းလှလှလေးတွေ ခေတ် အဆက်ဆက် ပွင့်ပါတယ်။
ထာင်သောင်းမက ပွင့်ခဲ့တဲ့ ပန်းရိုင်းလေးတွေမှာမှ ထူးထူးခြားခြား
သဇင်ရိုင်းလေးတစ်ပွင့်ဟာ ထင်  ပေါ်လို့ စင်တော်ရောက်လာပြီး
အခုဆိုရင် မြန်မာနိုင်ငံ အနှံ့အပြားက ပရိတ်သတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုသာမက
International Pageant Fan
 တော်တော်များများရဲ့ သဘောကျအားပေးမှုကိုပါ အပြည့်အဝရရှိထားပါပြီ။
ဒီ သဇင် လေးက တော့ Miss Universe Sittwe 2015 ,
 Miss Universe Myanmar 2015 & 2016 Second Runner-Up,
Miss Famous Title များပိုင်ရှင် "ချိုချိုထွန်း"ပါပဲ။
သူမဟာ ဝေဖန်မှုတွေ ၊ ထိုးနှက်မှုတွေ ၊ တိုက်ခိုက်မှုတွေ များစွာ
ကြားထဲကနေ မှ
ဝင့်ကြွားတောက်ပလာတဲ့
 ကြယ်တစ်ပွင့်လို ဂုဏ်တင်ရင်
လည်း လွန်မယ်မထင်ပါဘူး။
သူမရဲ့ ချစ်လှစွာသော Fan များက "ချိုကြီး" လို့ ချစ်စနိုးခေါ်ကြတဲ့ "ချိုချိုထွန်း" ဟာ  တက္ကသိုလ်နောက်ဆုံးနှစ်ကို ပြီးဆုံးအောင်တက်ဖို့  အခုဆိုရင် သူမရဲ့ဇာတိ ရခိုင်ပြည်နယ်ကိုပြန်လည် ရောက်ရှိနေပါတယ်။
"ကျောင်းပြီးအောင် အရင်ကြိုးစားစေချင်တဲ့  သူမ မိသားစု ရဲ့ဆန္ဒကြောင့်  " သမီးလိမ္မာလေး " ချို "ဟာ သူ့ပရိတ်သတ်တွေအတွက် ရန်ကုန်မှာနေပြီး Miss တစ်ယောက်အနေနဲ့ ရပ်တည်ပေးချင်ပေမယ့်  လောလောဆယ်မှာတော့ သူမ ပညာရေး ကိုပဲ ဦးစားပေးဖြစ်နေဦးမှာပါတဲ့။
ဒါပေမယ့်လည်း အချိန်ရရင်ရသလောက် သူ့ပရိတ်သတ်တွေအတွက် စေတနာထားပြီး အလုပ်တွေလုပ်နေတယ်ဆိုတာကတော့ Facebook မှာတစ်ခါဆိုဆိုသလောက် ရှားရှားပါးပါးထွက်လာတတ်တဲ့ သူမရဲ့ ဓါတ်ပုံတွေက သက်ဝင်လှပစွာ သက်သေခံနေပါတယ်။
"Hot Pot နဲ့ ရခိုင်သဘောင်္သီးထောင်း" ကြိုက်တဲ့ ချိုချိုထွန်းကို သူမရဲ့ Fan တွေ က
သူမရဲ့ “ရိုးသားပွင့်လင်းမှု၊ ဟန်မဆောင်တတ်မှု ၊ သနားကြင်နာတတ်မှု နဲ့ ဘယ်အချိန်ကြည့်ကြည့် မပြောင်းလဲပဲ လှနေတဲ့ အပြုံးလေးတွေ”ကြောင့် ချစ်ကြတာလို့လည်းသိရပါတယ်။
ပြိုင်ပွဲအတွက် Camp သွင်းခါနီးမှ ရန်ကုန်ကို ပထမဆုံးရောက်ဖူးခဲ့ရတဲ့ သူမဟာ  2015 - 2016 Miss Universe Myanmar   ပြိုင်ပွဲကြီးမှာ အလှပဆုံးနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေအပြည့်အဝရရှိခဲ့သော်လည်း 2nd Runner –Up သာရခဲ့တာကြောင့် Myanmar သာမက International က သူမရဲ့ Fan တွေကပါ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း အသက် ၂၀ အရွယ်သာရှိသေးတဲ့ သူမ ကတော့ ကျောင်းပြီးလို့ ဘွဲ့ရတာနဲ့ နောက်ထပ်ပြိုင်ပွဲတစ်ခုဝင်ပြိုင်ပြီး International Winner ဖြစ်တဲ့အထိတက်လှမ်းသွားဖို့ အစီအစဉ်တွေရှိနေပြီလို့လည်းသိရပါတယ်။
သူမရဲ့ Fan တွေကတော့ပင်ကိုယ်အလှတရားနဲ့ ပြည့်စုံနေပြီးသား သူမကို ရုပ်ပိုင်းဆိုင်ရာအလှတရားထက် English Skill နဲ့ International Knowledge ပိုပြီးကြိုးစားလေ့လာဖို့တိုက်တွန်းနေကြပါတယ်။
Miss Universe  2015 Winner ဖြစ်သူ ဖိလစ်ပိုင်မယ် Pia လိုသာ မလျော့သောဇွဲနဲ့ (၃) နှစ်လောက် အထောက်အပံ့ကောင်းကောင်းနဲ့  အချိန်ယူ ကြိုးစားပြင်ဆင်မယ်ဆိုရင်  မြန်မာမယ် ချိုချိုထွန်းဟာလည်း
Miss Universe Winner တစ်ယောက်ထိဖြစ်လာနိုင်တယ်ဆိုတဲ့ သူမ Fan  တွေရဲ့ သက်ဝင်ယုံကြည်မှုဟာ ဘယ်လောက်ထိ ရုပ်လုံးပေါ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

သဇင္ရိုင္း(သို႕)ခ်ိဳခ်ိဳထြန္း

.....................................................................

ရခိုင္ရိုးမရဲ႕တဖက္ၿခမ္းမွွာ ပန္းရိုင္းလွလွေလးေတြ ေခတ္ အဆက္ဆက္ ပြင္႔ပါတယ္။
ထာင္ေသာင္းမက ပြင္႕ခဲ႕တဲ႕ ပန္းရိုင္းေလးေတြမွာမွ ထူးထူးၿခားၿခား
သဇင္ရိုင္းေလးတစ္ပြင္႔ဟာ ထင္  ေပၚလို႕ စင္ေတာ္ေရာက္လာၿပီး
အခုဆိုရင္ ၿမန္မာနိုင္ငံ အနွံ႔အၿပားက ပရိတ္သတ္ေတြရဲ႕ ခ်စ္ခင္ႏွစ္သက္မႈသာမက
International Pageant Fan
 ေတာ္ေတာ္မ်ားမ်ားရဲ႕ သေဘာက်အားေပးမႈကိုပါ အၿပည္႕အဝရရွိထားပါၿပီ။
ဒီ သဇင္ ေလးက ေတာ႕ Miss Universe Sittwe 2015 ,
 Miss Universe Myanmar 2015 & 2016 Second Runner-Up,
Miss Famous Title မ်ားပိုင္ရွင္ "ခ်ိဳခ်ိဳထြန္း"ပါပဲ။
သူမဟာ ေဝဖန္မႈေတြ ၊ ထိုးနွက္မႈေတြ ၊ တိုက္ခိုက္မႈေတြ မ်ားစြာ
ၾကားထဲကေန မွ
ဝင္႕ၾကြားေတာက္ပလာတဲ႕
 ၾကယ္တစ္ပြင္႔လို ဂုဏ္တင္ရင္
လည္း လြန္မယ္မထင္ပါဘူး။
သူမရဲ႕ ခ်စ္လွစြာေသာ Fan မ်ားက "ခ်ိဳၾကီး" လို႕ ခ်စ္စနိုးေခၚၾကတဲ႕ "ခ်ိဳခ်ိဳထြန္း" ဟာ  တကၠသိုလ္ေနာက္ဆံုးႏွစ္ကို ၿပီးဆံုးေအာင္တက္ဖို႕  အခုဆိုရင္ သူမရဲ႕ဇာတိ ရခိုင္ၿပည္နယ္ကိုၿပန္လည္ ေရာက္ရွိေနပါတယ္။
"ေက်ာင္းၿပီးေအာင္ အရင္ၾကိဳးစားေစခ်င္တဲ႕  သူမ မိသားစု ရဲ႕ဆႏၵေၾကာင္႕  " သမီးလိမၼာေလး " ခ်ိဳ "ဟာ သူ႕ပရိတ္သတ္ေတြအတြက္ ရန္ကုန္မွာေနၿပီး Miss တစ္ေယာက္အေနနဲ႕ ရပ္တည္ေပးခ်င္ေပမယ္႕  ေလာေလာဆယ္မွာေတာ႕ သူမ ပညာေရး ကိုပဲ ဦးစားေပးၿဖစ္ေနဦးမွာပါတဲ႕။
ဒါေပမယ္႕လည္း အခ်ိန္ရရင္ရသေလာက္ သူ႕ပရိတ္သတ္ေတြအတြက္ ေစတနာထားၿပီး အလုပ္ေတြလုပ္ေနတယ္ဆိုတာကေတာ႕ Facebook မွာတစ္ခါဆိုဆိုသေလာက္ ရွားရွားပါးပါးထြက္လာတတ္တဲ႕ သူမရဲ႕ ဓါတ္ပံုေတြက သက္ဝင္လွပစြာ သက္ေသခံေနပါတယ္။
"Hot Pot နဲ႕ ရခိုင္သေဘာၤသီးေထာင္း" ၾကိဳက္တဲ႕ ခ်ိဳခ်ိဳထြန္းကို သူမရဲ႕ Fan ေတြ က
သူမရဲ႕ “ရိုးသားပြင္႕လင္းမႈ၊ ဟန္မေဆာင္တတ္မႈ ၊ သနားၾကင္နာတတ္မႈ နဲ႕ ဘယ္အခ်ိန္ၾကည္႕ၾကည္႕ မေၿပာင္းလဲပဲ လွေနတဲ႕ အၿပံဳးေလးေတြ”ေၾကာင္႕ ခ်စ္ၾကတာလို႕လည္းသိရပါတယ္။
ၿပိဳင္ပြဲအတြက္ Camp သြင္းခါနီးမွ ရန္ကုန္ကို ပထမဆံုးေရာက္ဖူးခဲ႕ရတဲ႕ သူမဟာ  2015 - 2016 Miss Universe Myanmar   ၿပိဳင္ပြဲၾကီးမွာ အလွပဆံုးနဲ႕ အေကာင္းဆံုး ယွဥ္ၿပိဳင္နိုင္ခဲ႕ၿပီး ပရိတ္သတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြအၿပည္႕အဝရရွိခဲ႕ေသာ္လည္း 2nd Runner –Up သာရခဲ႕တာေၾကာင္႕ Myanmar သာမက International က သူမရဲ႕ Fan ေတြကပါ မေက်မနပ္ၿဖစ္ခဲ႕ၾကပါတယ္။
ဒါေပမယ္႕လည္း အသက္ ၂၀ အရြယ္သာရွိေသးတဲ႕ သူမ ကေတာ႔ ေက်ာင္းၿပီးလို႕ ဘြဲ႕ရတာနဲ႕ ေနာက္ထပ္ၿပိဳင္ပြဲတစ္ခုဝင္ၿပိဳင္ၿပီး International Winner ၿဖစ္တဲ႕အထိတက္လွမ္းသြားဖုိ႕ အစီအစဥ္ေတြရွိေနၿပီလို႕လည္းသိရပါတယ္။
သူမရဲ႕ Fan ေတြကေတာ႕ပင္ကိုယ္အလွတရားနဲ႕ ၿပည္႔စံုေနၿပီးသား သူမကို ရုပ္ပိုင္းဆိုင္ရာအလွတရားထက္ English Skill နဲ႕ International Knowledge ပိုၿပီးၾကိဳးစားေလ႔လာဖို႕တိုက္တြန္းေနၾကပါတယ္။
Miss Universe  2015 Winner ၿဖစ္သူ ဖိလစ္ပိုင္မယ္ Pia လိုသာ မေလ်ာ႕ေသာဇြဲနဲ႕ (၃) ႏွစ္ေလာက္ အေထာက္အပံ႔ေကာင္းေကာင္းနဲ႕  အခ်ိန္ယူ ၾကိဳးစားၿပင္ဆင္မယ္ဆိုရင္  ၿမန္မာမယ္ ခ်ိဳခ်ိဳထြန္းဟာလည္း
Miss Universe Winner တစ္ေယာက္ထိၿဖစ္လာနိုင္တယ္ဆိုတဲ႕ သူမ Fan  ေတြရဲ႕ သက္ဝင္ယံုၾကည္မႈဟာ ဘယ္ေလာက္ထိ ရုပ္လံုးေပၚလာမလဲဆိုတာေတာ႕ ေစာင္႕ၾကည္႕ရမွာၿဖစ္ပါတယ္။

1 comment:

Reader Count

This Website is Designed by SUNDEW MYANAMR. Powered by Blogger.

Label Cloud