Wednesday, May 25, 2016
မျှော်လင့်နေမယ်။
နတ်သမီးလေးတွေအလား
Senior အတွက် Junior ရဲ့BD ဆုတောင်း
သူ့ကိုယ်သူ "ညီမလေး" တဲ့။
MUM 2015-2016 ရဲ့ NC ပြိုင်ပွဲ ည က လက်ဆောင်ပစ္စည်း လေလံ ပွဲလေးအကြောင်း ကို အားလုံး မှတ်မိကြမယ်ထင်ပါတယ်။
အဲ့ဒီနေ့ က ချို လေလံတင်တဲ့ ဗျာလ ရုပ်လေးတွေကို အမြတ်တနိုးလေလံဆွဲသွားတာက တော့ ပြည်သူ့အချစ်တော်
MU 2013 မမိုးစက်ပဲဖြစ်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ မမိုးစက် အဲ့နေ့ ဝတ်လာတဲ့ လုံချည်လေးကလည်း ရခိုင်ဆင်လေးဖြစ်နေပါတယ်။
ချိုရဲ့ တစ်ဦးတည်းသော idol miss မမ က ချိုတို့ ရခိုင်လူမျိုးတွေရဲ့ လုံချည်ဆင်လေးကို လှလှပပ ဝတ်ဆင်လာခဲ့တဲ့အပြင်  ချို ရဲ့ ဗျာလရုပ်လေးတွေကို လေလံအောင်သွားတယ်ဆိုတော့ အဲဒီည က ချိုဟာ  ကမ္ဘာ ပေါ်မှာ အပျော်ဆုံး ကောင်မလေးတစ်ယောက် ဖြစ်နေခဲ့မှာပေါ့နော်။
ဟိုတစ်နေ့ကလည်းကြည့်ပါဦး ။
မမိုးစက်မွေးနေ့ကို အမှတ်တရ ဆုတောင်းပေးထားတာလေး။
သူ့ကိုယ်သူ "ညီမလေး" တဲ့။
မမိုးစက်ကို "မမမိုးစက်"တဲ့လေ။
မျှော်လင့်ရပါတယ် ချိုရယ်။
ချိုတစ်ယောက်လည်း 2018 (သို့မဟုတ်) 2019 ရဲ့ Miss Universe Myanmar တစ်ယောက်ဖြစ်လာပြီး
မမိုးစက်ရဲ့ MUM  Junior ညီမလေးတစ်ယောက် အဖြစ် မြင်ရဖို့ ချို့ရဲ့ Fan တွေ အရမ်း စိတ်အားထက်သန်နေ
ကြတယ်ဆိုတာ ချို တစ်ယောက် အမြဲ သတိတရနဲ့ ကြိုးစားပေးပါနော်။
Monday, May 16, 2016
Miss တစ်ယောက် အဖြစ် မွေးဖွားလာခဲ့သူ
ဟိုတစ်နေ့က မိချို တစ်ယောက် ငါးဟင်းချက်တာ ဆားငန်သွားလို့
 နိုင်ငံတကာထိ မွှေးပျံ့နိုင်ခဲ့တာ။
အနုပညာမျိုးရိုးမရှိ
လောလောဆယ်မှာတော့
အို...........
သေချာပါတယ်။
လတ်တလော တက်လာတဲ့  ချို့ပုံလေးပါ။
အဆူခံရမှာ ကြောက်နေလိုက်တာများ တကယ်ကို ကလေးလေးကျနေတာပါပဲ။
ဟုတ်ပါတယ်။ ချို ဟာ ကလေးတစ်ယောက်လိုပဲ ဖြူစင်လွန်းပါတယ်။
အရောင်အသွေးစုံလှတဲ့ ကျောက်မျက်တွေကြားမှ ချိုဟာ ကျောက်ရိုင်းတစ်ပွင့်ပါပဲ။
ပင်ကိုယ် သဘာဝ အလှတစ်ခုတည်းနဲ့သာ
ပြိုင်ပွဲဝင် အဆင့်မှာပဲ ကမ္ဘာကျော်အောင်
 လင်းလက်တောက်ပလွန်းနိုင်ခဲ့တာ။
ပြင်းပြင်းရှရှ ရနံ့ မျိုးစုံ ကြားမှာ သဇင်ရိုင်းပါ။
ရှားပါးလှတဲ့ ရနံ့သင်းသင်းလေးနဲ့ပဲ
Final Night မတိုင်ခင်မှာပဲ
 နိုင်ငံတကာထိ မွှေးပျ့ံနိုင်ခဲ့တာ။
အနုပညာမျိုးရိုးမရှိ
သီးသန့် ထောက်ခံအားပေးမယ့် အသိုင်းအဝိုင်းမရှိပါဘဲ
ပြည်သူ့အချစ်တော် အလှမယ်တစ်ယောက် ဖြစ်လာတာကြောင့်
"ချို ဟာ Miss တစ်ယောက်ဖြစ်ဖို့ သီးသန့် မွေးဖွားလာခဲ့တာများလား" လို့တောင်
တစ်ခါတစ်လေဆို တွေးမိတယ်။
လောလောဆယ်မှာတော့
တစ်ပိုင်းတစ်စပညာရေးကြောင့်
အောင်မြင် ကျော်ကြား မှုတွေကို ခဏ မျက်ကွယ်ပြုထားရလို့
ချစ်တဲ့ ပရိတ်သတ်တွေကို အရမ်းအားနာနေရှာတဲ့
"ချို "တစ်ယောက် နေလို့ မှ ကောင်းရဲ့လား?
စာတွေများကျက်လို့ရရဲ့လား?
တခြားအလှမယ်တွေရဲ့ အနုပညာလှုပ်ရှားမှုတွေကို ကြည့်ပြီး
သူ့ကိုယ့်သူ အားမလို အားမရများဖြစ်နေရှာမလား?
စာမေးပွဲပြီးမှ သူ့ အိမ်က ပြိုင်ပွဲဝင်ဖို့
ရန်ကုန် မလွှတ်တော့ရင်  ဘယ်လိုလုပ်မလဲ?
တစ်ရက်တစ်ရက် အတွေးပေါင်းများစွားနဲ့ ရူးချင်ပါတယ်။
အို...........
ဒါပေမယ့်" ချို"့ ကို ယုံတယ်။
ကလေးတစ်ယောက်လိုဖြူစင်ပေမယ့်
ဆုံးဖြတ်စရာရှိရင် လူကြီးလေးတစ်ယောက်လို
ရဲရင့်ပြတ်သားလွန်းတယ်ဆိုတာ
သူ့ရဲ့အောင်မြင်မှုတွေက သက်သေထူနေတာပဲလေ။
သေချာပါတယ်။
ချိုဟာ နိုင်ငံ ကိုယ်စားပြု အလှမယ် တစ်ယောက် ဖြစ်ဖို့ သတ်သတ် မွေးဖွားလာခဲ့တဲ့ ပန်းတစ်ပွင့်ပါ။
Friday, April 29, 2016
HBD_Cho
"စစ်တွေမှာမွေး ၊ ရသေ့တောင်မှာကြီးပြင်းခဲ့ပြီး
 ငယ်ငယ်တုန်းက အဆော့မက်ပါတယ်"လို့ဆိုတဲ့ ကလေးမ
အသက် ၁၉ နှစ် ကျော် ၊ Miss Universe Sittwe 2015 ဖြစ်ပြီးမှ ရန်ကုန်မြေကို  ခြေချဖူးခဲ့တဲ့
ရခိုင်တိုင်းရင်းသူလေး
အတွေ့အကြုံလုံးဝမရှိပေမယ့် ပွဲဦးထွက်မှာပဲ မွေးရာပါ အပြုံးလှလှတွေနဲ့ ပရိတ်သတ်တွေရဲ့မေတ္တာကိုအပြည့်အဝရခဲ့တဲ့ ပြည်သူ့မျက်ရှုလေး
ဇကာတင်အယောက် ၂၀ အဆင့်မှာတင် မှော်ဝင်လှတဲ့ ဓါတ်ပုံလေးတစ်ပုံတည်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ မြန်မာပြည်ရဲ့ပထမဦးဆုံးသော Miss Universe Myanmar   ပြိုင်ပွဲဝင်အလှမယ်
အလှမယ်ဖြစ်လာမယ့် ကိုယ့် ကံကြမ္မာ ကိုကြိုမမြင်ခဲ့ရသေးခင်ကတည်းက ပရဟိတလုပ်ငန်းတွေမှာ ပါဝင် လှုပ်ရှားနေခဲ့တဲ့ ကလေးချစ်တတ်သော "အ သုံးလုံး"ဆရာမလေး
ရန်ကုန်လာတိုင်းသူ့ပရိတ်သတ်တွေအတွက်ဆိုပြီး
ဒေသထွက်အစားအစာလေးတွေ လက်ဆောင်ယူလာတတ်တဲ့ နာမည်ကြီး Celebrity
"ပြည်သူချစ်လွန်း ချိုချိုထွန်း" လေးရဲ့ ဒီနေ့မှာ ကျရောက်တဲ့  အသက် ၂၀ ပြည့်မွေးနေ့မှသည်
နောင်နှစ်ပေါင်း များစွာတိုင် ကျန်းကျန်းမာမာ ၊ ချမ်းချမ်းသာသာနဲ့ ဘဝကိုလျှောက်လှမ်းနိုင်ပါစေ။
ဒီ့ထက်ပိုမိုလှပ ၊ပြည့်စုံထက်မြက်ပြီး အနာဂတ်ရဲ့ Miss Universe Winner အဖြစ်
 သရဖူဆောင်းနိုင်ပါစေကြောင်းလည်းဆုတောင်းပါတယ်ကွယ်။
Tuesday, April 5, 2016
ငြိမ်ချက်သားကောင်းနေတဲ့ ကလေးမ
<Zawgyi>
 သေချာပါတယ်။
(နောက်တာနော်။ တကယ်ထင်နေကြဦးမယ်။)
နွေရာသီကျောင်းပိတ်ရက်မို့  ဇာတိရသေ့တောင်မြို့မှာ ပြန်နေတဲ့ "ချို" တစ်ယောက် သူမအိမ်က မီးဖိုချောင်မှာ
စိတ်မပုကြပါနဲ့။
အပျော်ပေါ့။
<Unicode>
ဒီရက်ပိုင်းတွေမှာ ရာသီဥတုကလည်းအရမ်းပူတယ်တော့ အားလုံးကျန်းမာရေးကို ဂရုစိုက်ကြပါဦးနော်။
ဒါမှ သင်္ကြန်တွင်းမှာ ကောင်းကောင်းကြီး ပျော်နိုင် ပါးနိုင်ကြမှာပေါ့။
အခုတစ်လော ငြိမ်ချက်သားကောင်းနေတဲ့ "ချို" ဆိုတဲ့ ကလေးမ ကို အားလုံး သတိရနေကြမယ်ဆိုတာ
 သေချာပါတယ်။
တကယ်တော့ ကလေးက ငြိမ်နေတာမဟုတ်ပါဘူး ။ အိမ်တွင်းအောင်းပြီး သိုင်းကျင့်နေတာပါတဲ့။
(နောက်တာနော်။ တကယ်ထင်နေကြဦးမယ်။)
တကယ်တော့ "ချို"  အရမ်းအလုပ်ရှုပ်နေတာပါ။
နွေရာသီကျောင်းပိတ်ရက်မို့  ဇာတိရသေ့တောင်မြို့မှာ ပြန်နေတဲ့ "ချို" တစ်ယောက် သူူမအိမ်က မီးဖိုချောင်မှာ
သူစိတ်တိုင်းကျ လက်စွမ်းပြ ကြော်လှော် ချက်ပြုတ် စားသောက်နေလို့ မအားဘူးဆိုပဲ။
"ချို"ဟင်းချက်ဘယ်လောက်တော်လဲ ဆိုတာ MUM ချောင်းသာ Camp က ဟင်းချက်ပြိုင်ပွဲမှာ "ချို"တို့အဖွဲ့ ပထမဆုရတာကိုသာကြည့်ပေတော့လေ။
(ချို့ လက်ရာကို မြည်းစမ်းခွင့်ရချင်တာ ငါတစ်ယောက်တည်းလားကွ!)
အစားအသောက်သောင်းကျန်းနေတယ်ဆိုလို့  "ချို" Body Structure အတွက် စိတ်ပူသွားတယ်မလား?
စိတ်မပုူကြပါနဲ့။
"ချို " တစ်ယောက်က တစ်နေ့တစ်ခြား လှလှလာတယ်ဆိုတာ  နောက်ဆုံး ထွက်လာတဲ့ သူ့ပုံလေးကိုသာကြည့်ကြပေတော့။
 မွေးရာပါ ပါရမီ ကောင်းတယ်ပဲဆိုရမလားမသိပါဘူး။
သေသေချာချာကြိုးစား တယ်ဆို MU Crown ကြီးက သူ့အတွက်ပဲဆိုတာ သေချာသလောက်ရှိနေပြီနော်။
"အ ၃ လုံး စာတတ်မြောက်ရေး"အတွက် လူရွေးတဲ့ အထဲ မပါရလို့လည်း စိတ်မကောင်းဖြစ်နေတဲ့
"ချို"အတွက် သင်္ကြန်မှာလည်း ဘာအစီအစဉ်မှ ထွေထွေထူးထူး ရှိမယ်မထင်ပါဘူး။
ဒါပေမယ့် ဧပြီလ ၃၀ ရက်နေ့မှာ ကျရောက်မယ့် "ချို့" မွေးနေ့အတွက်တော့ သူ့ Fan တွေက
တစ်ခုခုထူးထူးခြားခြား စီစဉ်ကြမယ်နဲ့တူပါတယ်။
ဒါနဲ့စကားမစပ် ပရိတ်သတ်တွေအားလုံးကို "ချို" ကမွေးနေ့မှာ မုန့်ဝယ်ကျွေးမယ်ဆို  စားချင်ကြလဲ?
အောက်မှာ မန့်ခဲ့လို့တယ်နော်.။
အပျော်ပေါ့။
Thursday, March 10, 2016
ချိုချိုထွန်းစာကျက်နေတယ် ................ အိမ်ရှေ့မှာ ဂစ်တာ လာမတီးနဲ့
<Zawgyi>
သတင်းပေးလာပါတယ်။
ဝမ်းသာစရာသိရပါတယ်။
<Unicode>"ပြည်သူချစ်လွန်း ချိုချိုထွန်း" တစ်ယောက် မကြာခင်မှာစာမေးပွဲဖြေရတော့မှာဖြစ်လို့
အိမ်တွင်းအောင်းပြီးစာကျက်နေတယ်လို့လည်းသိရပါတယ်။
စာမေးပွဲအတွက်စာတွေကများပါတယ်ဆိုမှ
ဇာတိ ရသေ့တောင်မြို့က အိမ်ကိုတောင်ပြန်ပြေးချင်လောက်အောင် စိတ်တိုစရာလေးတွေလည်းကြုံနေရလို့
လည်း သူ့  Facebook မှာတင်ထားပြန်တော့
ချစ်ရတဲ့ ကလေးမတစ်ယောက်  စိတ်ဖိစီးမှုတွေများနေရှာတော့မယ်ဆိုပြီးလည်း
 သူ့Fan တွေကစိတ်ပူနေကြပါသေးတယ်။
အဆိုးထဲကအကောင်းလို့ပဲပြောရမလားတော့မသိပါဘူး။
ချိုနဲ့တက္ကသိုလ်တစ်ခုတည်းမှာတက်နေတဲ့ စစ်တွေမြို့ကချို့ Fan တစ်ယောက်ကတော့
"ဒီရက်ပိုင်းအတွင်း သူတော်တော်လေးကိုပိန်ကျသွားလို့ အရင်ကထက်တောင်ပိုကြည့်ကောင်းလာတယ်။" လို့
သတင်းပေးလာပါတယ်။
ကျန်းမာရေးအတွက် စိတ်ပူရတာက တစ်ပိုင်းဆိုပေမယ့်
အစကတည်းက လက်တင် Type လေးမို့ ကြည့်ကောင်းနေတဲ့ သူမရဲ့မျက်နှာလေးကို
လက်ရှိ Body လေးနဲ့ မြင်ချင်သူများလှပေမယ့်
ရွှေမင်းသမီးလေးရဲ့ Facebook ကတော့ထုံးစံအတိုင်း ဘာပုံမှ တက်မလာသေးပါဘူး။
ဒါပေမယ့် ကြားရတဲ့ သတင်းတစ်ခုအရတော့
ဒီရက်ပိုင်းမှာ  "ချို" ဟာ စစ်တွေတက္ကသိုလ် မဂ္ဂဇင်းရဲ့
အင်တာဗျူ း အစီအစဉ်မှာ ပါဝင်မှာဖြစ်လို့
ရခိုင်ဝတ်စုံနဲ့ ဓါတ်ပုံရိုက်ဖို့ရှိတယ်လို့တော့
ဝမ်းသာစရာသိရပါတယ်။
ကြိုတင်ထွက်ရှိထားတဲ့ သတင်းအတိုင်းလည်း
စာမေးပွဲပြီးတာနဲ့ "၂၀၁၆ နွေရာသီ စာတတ်မြောက်ရေးလုပ်ငန်း"မှာ "လုပ်အားပေး စေတနာ့ ဝန်ထမ်း" အဖြစ်ပပရဟိတ တာဝန်ထမ်းဆောင်ဦးမှာမို့ April လမှာကျရောက်မယ့် သူမမွေးနေ့တောင်
သူ့ချစ် Fan  ကျင်းပပေးခွင့်ရမယ်မထင်ပါဘူး။
လောလောဆယ်မှာတော့ နောက်ဆုံးနှစ်ကျောင်းသူကြီး ချို တစ်ယောက် စာကြိုးစားနေသလို
ချို  ကျောင်းပြီးတာနဲ့ ချို့ကို သူတို့ပိုင်တဲ့ Miss Myanmar တစ်ယောက်အဖြစ်
အပိုင်သိမ်းဖို့ သူတို့ချစ်တဲ့သူ့Fan တွေကလည်း တာစူနေကြပါတယ်။
ဒီရက်ပိုင်းလေးတွေမှာတော့   စစ်တွေဆိုတဲ့ ပင်လယ်ကမ်းစပ် မြို့လေးတစ်မြို့ကတော့ " ချို "ဆိုတဲ့  "ရေဒီယို ဆင်ကူး"လေးကြောင့် ကျက်သရေရှိနေတော့မှာပါပဲ။
Reader Count
This Website is Designed by SUNDEW MYANAMR. Powered by Blogger.
Label Cloud